Friday, August 29, 2014

ယခုဆန်စပါးဈေးကွက်အခြေနေက ဘယ်လိုရှိပြီး ဘယ်လို နားလည်ကျင့်သုံးရမှာပါလဲ ?

"ဈေးကွက်ဟာ စားသုံးသူအကြိုက်" ကို ဖော်ဆောင်ရတာဖြစ်ပါတယ်။ ဆန်စားသုံးသူအများစုရဲ့ အခြေအနေ " Life Style " ဟာ အတော်ကိုပြောင်းလဲ နေပါပြီ။

(၁) လူ့သဘောသဘာဝအရ "အကောင်း" ကိုကြိုက်ခြင်း ။ ။ ပြည်တွင်းဈေးကွက်မှာပင် ဆန်ကောင်းစားသုံးမှုပိုလာပါတယ်။ စပါးလုံးရွေးတာ ဖွဲ၊ ဆန်ကွဲကို ဆန်ကောဆန်ကာနဲ့ ဝိုက်ပြီး ထုတ်တာမလုပ်တော့ပါဘူး ၊ " ခတ်ချက် " တခါတည်း ဆန်အိတ်ထဲက ဆန်အိုးထဲ ထည့်ချက် စားလာကြပါတယ်။ ရန်ကုန်မြို့ပြဈေးကွက်မှာဆိုရင် တန်ဘိုးကြီးတဲ့ "ဆန်ချော" ကိုပိုစားလာပြီး ဈေးစကားမပြောဘဲ ကောင်းတဲ့ဆန်သာ ဝယ်စားလာကြပါတယ်။ ဒီလိုပဲ ပြည်ပဝယ်လက်ကလည်း အရည်အသွေးကို ဦးစားပေးလာတဲ့ အခြေနေဖြစ်ပါတယ်။ဆန်ကြမ်းဈေးကွက်မှာပင် ထိပ်စ၊ အလတ်စ ဆန်ကောင်းသာ ဝယ်ယူစားလုံးလာကြပါတယ်။

(၂) အရည်အသွေးဦးစားပေးလာခြင်း ။ ။ ကုန်ရောင်းကုန်ဝယ်ပြုရာမှာ " အရည်အသွေး " ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ပစ္စည်းဟာ ဈေးကောင်းရပါတယ်၊ "စပါးကောင်းမှ ဆန်ကောင်းရမှာမို့" စပါးကောင်းရင် ဈေးကောင်းပေးပါတယ်။ စပါးကောင်းကို ကြိတ်ခွဲမှ ဆန်အထွက်ကောင်းပါတယ်။ စပါးမသန့်ရင် အကျိုးအကြေများပြီး ဆန်သားအရနည်းလို့ စပါးဈေးကောင်းမရနိုင်ပါဘူး။ ဒါကြောင့် ဈေးကောင်းရချင်ရင် အရည်အသွေးကောင်း စပါးကောင်းမျိုး စိုက်ပျိုးထုတ်လုပ်ရမှာပဲ ဖြစ်ပါတယ်။

(၃) ယှဉ်ပြိုင်မှုများလာခြင်း ။ ။ ပြည်တွင်းပြည်ပ ဈေးကွက်အားလုံးမှာ အပြိုင်အဆိုင်ထုတ်လုပ်ရောင်းချနေကြပါတယ်။ ကိုယ့်ပစ္စည်းကောင်းမှ ယှဉ်ပြိုင်ရာမှာနိုင်ပြီး ဦးစားပေးရောင်းချနိုင်မှာပါ။ ဈေးကွက်ရမှာပါ။ ပြည်ပကုန်သွယ်မှုမှာလည်း အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် ဆန်ထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံစသည့် နိုင်ငံများနဲ့ ယှဉ်ပြိုင် ရောင်းချေနေရပါတယ်။ အခြားနိုင်ငံဆန်နဲ့ ယှဉ်လို့ ပိုမိုအားသာချက်မရှိရင် ကိုယ့်ဆန်ကို ဈေးလျှော့ရောင်းရတဲ့ အနေအထားဖြစ်လာပြီး ဝယ်သူက ဈေးနှိမ်မှာပါဘဲ၊ ဒီအခြေနေကို ယှဉ်ပြိုင်နိုင်ဖို့ အရည်အသွေးကောင်းတဲ့ ပစ္စည်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှသာ ဈေးကောင်းရပြီး အကျိုးအမြတ်များများ ရှိလာမှာဖြစ်ပါတယ်။ တောင်သူအတွက်လည်း စပါးဈေးကောင်းရနိုင်မှာပါ။ အချုပ်အားဖြင့် ပြောကြားရရင် ပြည်တွင်းပြည်ပ စားသုံးသူ ဈေးကွက်က တောင်းဆိုလာတဲ့ ဆန်စပါးမျိုး စိုက်ပျိုးထုတ်လုပ်ရောင်းချကြမှသာ အကျိုးအမြတ်ရှိမှာပါ။ "စပါးကောင်းမှ ဆန်ကောင်းရပြီး ဈေးကောင်းရပါမယ်။ အကျိုးအမြတ်ရှိမှာ ဖြစ်ပါတယ်။
(exporting much more low quality rice may not be even possible in the future)

ရေးသူ - ဦးချစ်ကိုကို (MRPTA(CEO))


No comments:

Post a Comment

Commodities


Commodities are powered by Investing.com