မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ ရည်ရွယ်ချက်
(က) ဆန်စပါးရောင်းဝယ်မှုလုပ်ငန်းအရပ်ရပ်တွင်တိုးတက်လာသည့်ခေတ်နှင့်အညီ
လိုက်လျောညီထွေဖြစ်သည့်နည်းလမ်းများဖြင့် ဆန်စပါးကုန်သည်များက
အတ္တ၊ ပရမျှတစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်၊
(ခ) ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ၏ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာစေရေး
နှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကူညီဆောင်ရွက်ရန် ၊
(ဂ) ဆန်စပါးနှင့် ဆန်ထွက်ပစ္စည်းများ လယ်ယာထွက်ကုန်ပစ္စည်းများ
ပြည်တွင်း၊ ပြည်ပ ရောင်းဝယ်မှု တိုးတက်မြင့်မားစေရန်နှင့် ဈေးကွက်
ရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရန် ၊
(ဃ) ဈေးကွက်စီးပွားရေး စနစ် ပီပြင်လာစေရန် ပြည်တွင်းပြည်ပ
စီးပွားရေး အဖွဲ့အစည်းများ နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် ၊
(င) ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် ထုတ်လုပ်မှု နှင့်
ဈေးကွက် ညီညွှတ်မျှတစေရန် သက်ဆိုင်သူများ နှင့် ပူးပေါင်းဆောင်ရွက်ရန် ၊
(စ) ဆန်စပါးရောင်းဝယ်မှု အခြေအနေများ ၊ ဈေးကွက်အခြေအနေများနှင့်
စမ်းလျဉ်း၍ လေ့လာသုံးသပ်ပြီး အကြံပြုချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့
အခါအားလျော်စွာ တင်ပြရန်၊
(ဆ) ဆန်စပါးအရည်အသွေးမြင့်မားရေး အလေအလွင့် နည်းပါးရေး
တို့အား သက်ဆိုင်ရာများ နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊
(ဇ) ဆန်စပါးဈေးကွက်သတင်း နှင့် နည်းပညာများအား
စဉ်ဆက်မပြတ်လေ့လာ၍ အသင်းသားများအား ဖြန့်ဖြူးခြင်း နှင့် သုတေသန
လုပ်ငန်းများ ဆောင်ရွက်ရန်၊
(ဈ) အခါအားလျော်စွာ ပေါ်ပေါက်လာသော ကုန်သွယ်မှုဆိုင်ရာ
အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းဖြင့် စေ့စပ်ဖြေရှင်းပေးရန် ၊
(ည) အသင်းသားများ၏ သာရေး နာရေး လူမှုရေးကိစ္စရပ်များတွင်ကူညီပံ့ပိုးရန်
ရှေ့လုပ်ငန်းစဉ်များ
လုပ်ကိုင်ကြသော ညီနောင်အသင်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေး၊
(ခ) အသင်းဝင်အင်အားတိုးတက်ရေးနှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း
အသင်းခွဲအဆင့်ဆင့်အား ကျစ်လစ်ပီပြင်စွာ ဖွဲ့စည်းဆောင်ရွက်ရေး၊
(ဂ) နိုင်ငံတော်အကျိုး မိမိ၏ ရေရှည်အကျိုးစီးပွားကို မျှော်မှန်း၍တင်ပို့ရောင်းချရာတွင်
တစ်နပ်စားမကြံဘဲရေရှည်ဈေးကွက်ရရှိရေး၊
နာမည်ကောင်း၊ဖောက်သည်ကောင်းအတွက် ကုန်သွယ်မှုစံများနှင့်
ကုန်သွယ်မှုအကျင့်သိက္ခာ(Trade Ethics)များလိုက်နာကျင့်သုံးရောင်းဝယ်ရေး
(ဃ) လေပတ်ကားကြိုပွိုင့်ရောင်းချမှုစနစ်ဆန်စပါးရောင်းဝယ်မှုလောကတွင်
မဖြစ်ထွန်းစေရေးအတွက်ဆက်လက်တားဆီးရောင်းဝယ်ရေး၊
(င) ပြည်ပတင်ပို့ရောင်းချရာတွင် ထိုက်သင့်မှန်ကန်သော
အမြင့်ဆုံး ပေါက်ဈေးရရှိရေး၊တောင်သူလယ်သမားများအတွက်လည်း
အကျိုးအမြတ်ရရှိကာ စားသုံးသူများဖိစီးမှုမရှိသော တည်ငြိမ်သည့်ပြည်တွင်း
ဈေးကွက်ဖော်ဆောင်ရေးအား ကျင့်သုံးဆောင်ရွက်ရေး၊
(စ) တောင်သူလယ်သမားများ၏ အရည်အသွေးကောင်းစပါးများကိုဈေး
ကောင်းပေးဝယ်ယူခြင်း၊(Quality Drive by Pricing) စနစ်ကျင့်သုံးကာ
မြန်မာ့ဆန်အရည်အသွေး တိုးတက်ရေးအားတွန်းအားပေးဆောင်ရွက်ကြရေး၊
(ဆ) ပြည်ပတင်ပို့ရောင်းချရာတွင် ကိုယ်ပိုင်တံဆိပ်ရရှိရေး
နှင့် (EndBuyer) ထံတိုက်ရိုက်ဆက်သွယ်ရောင်းချနိုင်ရေး ၊
ဈေးကွက်ခိုင်မာရေး ကြိုးပမ်းရေး၊
(ဇ) စိုက်ပျိုးရေးအခြေခံအဆောက်အအုံများအခြေအနေဒေသအလိုက်
တောင်သူများ၏ အခက်အခဲနှင့်ဈေးကွက်ဈေးနှုန်းအခြေအနေဈေး
ကွက်လက်ကျန်အခြေအနေစသည့်သတင်းများဆက်သွယ်ပေးပို့ကာ
ဆန်စပါးကဏ္ဍအား အထောက်အကူပြုရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊
(ည) ပြည်တွင်းကုန်သွယ်မူလုပ်ငန်းသည် နိုင်ငံအဝှမ်း၊စိုက်ပျိုးသည့်
တောင်သူများနှင့် တိုက်ရိုက်ထိတွေ့ပြီးလက်ပွန်းတတီးဆက်ဆံနိုင်သူများဖြစ်ကြ၍
တောင်သူပညာပေး လုပ်ငန်းများကိုတိုးမြှင့်ဆောင်ရွက်ပေးရေး၊
(ဋ) ပြည်သူလူထုဗဟိုပြုလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌အရပ်ဘက်
လူမှုအဖွဲ့အစည်းများပါဝင်ရမည့်လုပ်ငန်းရပ်တိုင်းတွင်
တက်ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်ရေး၊
No comments:
Post a Comment